၁၅ နေပြည်တော်
အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် လေးနိုင်ငံဖိတ်ခေါ်ဖလား 2019 Hero Gold Cup နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယနေ့ညပိုင်းက မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် နီပေါလက်ရွေးစင်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာတွင် မြန်မာအသင်းက သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
နှစ်သင်းစလုံးမှာ နောက်ဆုံးဗိုလ်လုပွဲစဉ်ဖြစ်သည့်အတွက် အနိုင်ရရှိရန် အကောင်းဆုံးပုံစံဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်း ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး နီပေါအသင်းကို ဖိအားပေးကစားခဲ့ရာမှ နောက်ထပ်အနိုင်ဂိုး နှစ်ဂိုးထပ်မံရရှိခဲ့သဖြင့် ပွဲအပြီးတွင် မြန်မာအသင်းက ချန်ပီယံဆုဖလားကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အုပ်စုအဖွင့်ပွဲစဉ်မှာလည်း မြန်မာအသင်းအနေဖြင့် နီပေါအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားကြောင်း သိရသည်။
MDN