စက်တင်ဘာ ၁၄

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၄၀၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၃၂၈၉၅၇၉ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြချက်အရ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၃၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၄၃၂၁၃ ဦး ရှိလာသည်။

ထိုရောဂါကူးစက်မှုနှင့် သေဆုံးမှုအများဆုံးမှာ ကီရာလာပြည်နယ်တောင်ပိုင်းမှဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ ၃၆၂၂၀၇ ဦး ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၃၇၁၂၇ ဦးရှိပြီး  နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၃၂၄၈၄၁၅၉ ဦး ရှိလာသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို