စက်တင်ဘာ ၂၀
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၀၂၅၆ ဦးရှိရာ ရောဂါကူးစက်ခံရသူပေါင်း ၃၃၄၇၉၄၁၉ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၂၉၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၉၅ ဦးရှိသည်ဟု ဆိုသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုအများဆုံးသည် ကီရာလာပြည်နယ်တောင်ပိုင်းမှ ဖြစ်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားဆဲလူနာ ၃၁၈၁၈၁ ဦးရှိသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၄၃၉၃၈ ဦးရှိပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းလာသူပေါင်း ၃၂၇၁၅၁၀၅ ဦး ရှိလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို