၁၈ နိုဝင်ဘာ
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့အတွင်း ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားရာ ၁၀ ဉီးသေဆုံးခဲ့ပြီး ၁၅ ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့မှ ဆင်ဟွာသို့ ဖုန်းဖြင့် အတည်ပြု ပြောကြားခဲ့သည်။
ပင်နီဂီတာ ရဲစခန်းဧရိယာ အတွင်းရှိ ဗာဒိုဒါရာမြို့ အနီးတွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ယာဉ်နှစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထပ်မံ ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများကို ဗာဒိုဒါရာမြို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည် ဟု ဆိုသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားရာ နေရာ၌ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများက ညွှန်ကြားထားလျက်ရှိဟု ဆိုသည်။
ဗာဒိုဒါရာမြို့ အနီးတွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း လိုအပ်သည် များကိုလည်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
