နယူးဒေလီ ဇူလိုင် ၆
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဒေသအများအပြား၌ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုများမှတစ်ဆင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်းရာချီ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ် ၌ မေလနှောင်းပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် လူပေါင်း ၁၈၀ သေဆုံးခဲ့ကြောင်း နှင့် လူပေါင်း နှစ်သန်းကျော်သည်လည်း ကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံခဲ့ရကြောင်း သိရသည်။
ထို့ပြင် မဏိပူရပြည်နယ်၌ ပြီးခဲ့သည့်သီတင်း ပတ်အတွင်းက ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ခြင်း ကြောင့် တပ်မတော်သားများအပါအဝင် အနည်းဆုံး ၄၆ ဦး သေဆုံးခဲ့ကြောင်းနှင့် မြေပြိုမှုအတွင်း နစ်မြုပ်သွားခဲ့သည့် လူပေါင်း ၂၀ ကျော်ကိုလည်း ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၌လည်း မိုးသည်းထန်စွာရွာသွန်းမှုမှတစ်ဆင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၇၃ ဦးရှိခဲ့ကြောင်းနှင့် ယခုနှစ် မုတ်သုံမိုးသည် ယခင်ပုံမှန် မုတ်သုံရာသီထက် မိုးရွာသွန်းမှု ပိုမိုများပြားမည်ဖြစ် ကြောင်းလည်း မိုးလေဝသကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အလင်းသစ်