ရန်ကုန် ၂၆ ဇန်နဝါရီ 

အိန္ဒိယသမ္မတနိုင်ငံ၏ နှစ်(၇၀)ပြည့် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်း အမှတ်(၃၅)ရှိ သံအမတ်ကြီးနေအိမ်တွင် ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇနီး ဒေါ်မေယဉ်ထွန်းတို့ တက်ရောက်သည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။


ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခံအပ်ရန် သဘောတူညီပြီးဖြစ်သော H.E. Mr. Saurabh Kumar (Ambassador-Designate) နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

mdn


ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခံအပ်ရန် သဘောတူညီပြီးဖြစ်သော H.E. Mr. Saurabh Kumar (Ambassador-Designate) နှင့် ဇနီးတို့က နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇနီး ဒေါ်မေယဉ်ထွန်းနှင့် တက်ရောက်လာသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး မြန်မာ-အိန္ဒိယ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 


(သတင်းစဉ်)

 

mdn