၂၂ မေ
အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် ယနေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်သွေးကြွ နှစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသ၏ နွေရာသီမြို့တော် Srinagar မြို့တောင်ဘက် ၇၀ ကီလိုမီတာအကွာ Kulgam ခရိုင် Gopalpora ကျေးရွာတွင် အစိုးရတပ်ဖွဲ့များ နှင့် စစ်သွေးကြွများအကြား ရုတ်တရက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့ နှင့် စစ်တပ် ပူးပေါင်းအဖွဲ့ နှင့် စစ်သွေးကြွများအကြား ယနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။
နှစ်ဖက်အဖွဲ့များ နာရီပေါင်းများစွာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် အိန္ဒိယ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူမရှိကြောင်း တာဝန်ရှိသူများ အဆိုအရ သိရသည်။
ရဲတပ်ဖွဲ့များက သေဆုံးသူစစ်သွေးကြွများ၏ အထောက်အထားများကို သေချာအောင် လေ့လာစိစစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို