၁၁ ဇွန်

 


အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာ ယနေ့ဖြစ်ပွားခဲ့ရာ စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 


အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားဒေသရှိ  သီရိနာဂါ မြို့၏ တောင်ပိုင်း ၇၅ ကီလိုမီတာအကွာ  Shopian ခရိုင် Awneera-Zainapora ကျေးရွာတွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 


စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းထားသောတပ်များနှင့် စစ်သွေးကြွများအကြား ယနေ့အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အကြီးတန်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး က သတင်းထောက်များကို ပြောကြားခဲ့သည်။

 


ထိုသို့အပြန်အလှန်ပစ်ခတ်ကြရာမှ စစ်သွေးကြွ နှစ်ဦးသေဆုံးခဲ့သည်။

 


ယင်းတိုက်ပွဲဖြစ်ပွားရာနေရာမှ ထိုအလောင်းများကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ထိုတိုက်ပွဲတွင် အိန္ဒိယစစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ထိခိုက်နစ်နာမှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။

 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို