မေ ၇
အိန္ဒိယထိန်းချုပ်ထားသောကတ်ရှ်မီးယားဒေသတွင် အိန္ဒိယဂျက်လေယာဉ်သုံးစင်းထက်မနည်းပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ဒေသတွင်းသတင်းစာ The Hindu တွင် ဖော်ပြထားသည်။
ထိုဂျက်လေယာဉ်များသည် ယင်းဒေသရှိ ရမ်ဘန်၊ ပန်ပိုနှင့် အကာရှ်နောမြို့တို့တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ၎င်းသတင်းစာတွင်ဖော်ပြထားသည်။
တာဝန်ရှိသူများက ယင်းလေယာဉ်များပျက်ကျမှု၏ နောက်ကွယ်မှအခြေအနေများကို အတိအကျထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သတင်းစာတွင် ဆက်လက်ပြောကြားသည်။
အဆိုပါ လေယာဉ်များပျက်ကျမှုသည် ပါကစ္စတန်နှင့် ပါကစ္စတန် ထိန်းချုပ်ထားသော ကတ်ရှ်မီးယားရှိ နေရာများကို ပစ်မှတ်ထားသည့် အိန္ဒိယစစ်တပ်၏ ယနေ့မနက်စောပိုင်း လေကြောင်းတိုက်ခိုက်မှုပြီးနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုသည် အိန္ဒိယထိန်းချုပ်ထားသောကတ်ရှ်မီးယားဒေသ၏ နွေရာသီမြို့တော် စီနာဂါမြို့၏အရှေ့ဘက် ၈၉ ကီလိုမီတာခန့်အကွာ ပါဟယ်လ်ဂမ်မြို့၏ ဘီဆာရန်ဒေသတွင် လွန်ခဲ့သောလက သေနတ်သမားများ၏တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့မှုကို တုံ့ပြန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို