၁၅ အောက်တိုဘာ
အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းအိုင်တီကုမ္ပဏီတွေ အခြေစိုက်ရာ ဟိုင်ဒရာအာဘတ်မြို့မှာ နံရံပြိုကျမှုကြောင့် ၉ ဦးသေဆုံးပြီး၊ ရေနစ်သေဆုံးမှုနဲ့ ဓာတ်လိုက်ခြင်းတို့ကြောင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့ မော်တော်ကားတွေ မျောပါသွားပုံတွေ၊ တံတားတွေပါသွားပုံတွေနဲ့အတူ ဟိုင်ဒရာအာဘတ်မြို့က မိသားစု ၈ ဦးဟာ နေအိမ်စင်္ကြံမှာ မိုးရွာသွန်းတာကို ကြည့်နေစဉ် ရုတ်တရက် ရေကြီးရေလျှံလာတဲ့အတွက် လူတွေ ရေစီးနဲ့ ပါသွားရာ ၂ ဦးရဲ့အလောင်းကို တွေ့ရပေမယ့် ကျန် ၆ ဦးဟာ ပျောက်ဆုံးနေကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားပင်လယ်အော်တွင်းက မုန်တိုင်းငယ်ကြောင့် အခုလို ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့တာဖြစ်ကြောင်း မိုးလေဝသတင်းအရ သိရပါတယ်။
MDN
ကိုးကား - AFP