၁၄ အောက်တိုဘာ
အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်၌ နံရံတစ်ခု ပြိုကျမှုဖြစ်ပွားရာ လူ ၁၀ ဦး သေဆုံးခဲ့ပြီး ငါး ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။
ယမန်နေ့ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေသည့် တီလန်ဂါနာပြည်နယ်၏မြို့တော် ဟိုက်ဒရာ ဘတ်မြို့၌ နံရံပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဟိုက်ဒရာဘတ်မြို့ဟောင်းရှိ နံရံပြိုကျမှု ဖြစ်ပွားရာ နေရာက မြေနိမ့်ဒေသတွင် တည်ရှိကြောင်း ဒေသခံများက ပြောသည်။
ဟိုက်ဒရာဘတ်မြို့တော်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။
နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ပြည်သူအချို့ နေအိမ်ခေါင်မိုးများ၌ တစ်ညတာ နေခဲ့ရသည်။ “ဟိုက်ဒရာဘတ်မြို့တော်မှာ မကြုံစဖူး မိုးရွာသွန်းမှု ကြုံတွေ့နေရပါတယ်။ နောက်ထပ် နာရီအနည်းငယ် ကြာသည်အထိ မိုးဆက်လက် ရွာသွန်းမယ်လို့ ခန်းမှန်းရပါတယ်” ဟု ဘေးအန္တရာယ် စီမံခန့်ခွဲရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက တွစ်တာ၌ ရေးသားခဲ့သည်။
ဟိုက်ဒရာဘတ်မြို့တော်အတွင်း ပုံမှန် အခြေအနေ ဖြစ်စေရန် ပြည်နယ် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး တပ်ဖွဲ့များက ဆောင်ရွက်လျက် ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်