အိန္ဒိယတောင်ပိုင်းတွင် ရထားလမ်းပေါ် အိပ်ပျော်နေသူ ၁၅ ဦး ရထားကြိတ်ခံရ၍ သေဆုံး

၈ မေ

အိန္ဒိယနိုင်ငံတောင်ပိုင်း မဟာရာရှရာပြည်နယ်တွင် ယနေ့နံနက်ပိုင်းက  ရထားလမ်းပေါ် အိပ်ပျော်နေသူများကို ဆီတင်ရထားတစ်စင်းက ဝင်ရောက်တိုက်မိခဲ့ရာ လူ ၁၅ ဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း  အိန္ဒိယနိုင်ငံ ရထားလမ်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။

 

အဆိုပါ ဆီတင်ရထားသည် တောင်ပိုင်းပြည်နယ် တာလာဂန်နာ ရှိ ချာလာပူလီမီးရထားဘူတာမှ မဟာရာရှရာ သို့ ထွက်ခွာလာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဘန်နာပူနှင့် ကာမာကြား မီးရထားဘူတာတွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

လူပေါင်း ၂၀ ခန့်မှာ မီးရထားလမ်းပေါ်တွင် အိပ်ပျော်နေခဲ့ခြင်းဖြစ်ပြီး ဆီများတင်ဆောင်လာသည့် မီးရထားမှ တိုက်မိပြီးနောက် လူ ၁၅ ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့ထဲမှ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး သုံးဦးမှာ အသေးစား ဒဏ်ရာများ ရရှိခဲ့သည်။

 

ဒဏ်ရာရရှိသူများကို အစိုးရဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း ရထားလမ်း အရာရှိချုပ်က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်