၁၁ မေ

 

အိန္ဒိယနိုင်ငံတွင် ယမန်နေ့က စပြီး ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၉၇ ဦး၊ ကူးစက်ခံရသူ ၄၂၁၃ ဦးရှိကြောင်း၊ သေဆုံးသူပေါင်း ၂၂၀၆ ဦးနှင့် ကူးစက်ခံရသူပေါင်း ၆၇၁၅၂ ဦး အထိ ရှိလာကြောင်း အိန္ဒိယ ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်းက ပြောကြားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၀၆ ဦး ရှိပြီ ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက  ယနေ့ ဒေသစံတော်ချိန် မနက် ၈နာရီ သတင်းထုတ်ပြန်ခဲ့သည်။

 

ယခုအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ  ၂၀၉၁၇ ဦးရှိကြောင်း ၎င်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

အိန္ဒိယတစ်နိုင်ငံလုံး ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ဗဟိုအစိုးရက ကြေညာခဲ့သော အဝင်အထွက် ကန့်သတ် ပိတ်ဆို့ထားမှုသည် မေ ၁၁ ရက်နေ့တွင် ၄၈ ရက်မြောက် ရှိလာပြီ ဖြစ်သည်။

 

မတ် ၂၅ ရက်နေ့က ကြေညာခဲ့သည့် ကန့်သတ်ပိတ်ဆို့ထားမှုကို မေ ၁ ရက်နေ့က ဒုတိယအကြိမ်အဖြစ် မေ ၁၇ ရက်နေ့အထိ အချိန်ထပ်တိုးထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို