၂၇ မေ
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက်မှာ ၁၅၁၇၆၇ ဦး အထိရှိလာပြီး သေဆုံးသူပေါင်း ၄၃၃၇ ဦး ရှိသည်ဟု အိန္ဒိယ ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၆၃၈၇ ဦး နှင့် သေဆုံးသူ ၁၇၀ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၄၅၃၈၀ ဦး နှင့် သေဆုံးသူပေါင်း ၄၁၆၇ ဦး ရှိသည်ဟု ယမန်နေ့မနက်က သတင်းထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ယခုအထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူပေါင်း ၆၄၄၂၆ ဦး ရှိပြီ ဖြစ်သည်။
ယနေ့သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဗဟိုအစိုးရက ကြေညာခဲ့သော နိုင်ငံတစ်ဝှမ်း အသွားအလာကန့်သတ်ပိတ်ပင်မှုပြုလုပ်ထားသည့် ၆၄ ရက်မြောက်နေ့ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို