၂၅ မေ
အိန္ဒိယနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၆၉၇၇ ဦးနှင့် ထပ်မံ သေဆုံးသူ ၁၅၄ ဦး ရှိသဖြင့် ကူးစက်ခံရသူစုစုပေါင်း ၁၃၈၈၄၅ ဦးရှိပြီး သေဆုံးသူပေါင်း ၄၀၂၁ ဦး ရှိလာသည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယနေ့ မနက်က ပြောကြားခဲ့သည်။
နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်မှုများအနက် ကူးစက်မှု အမြင့်ဆုံး ဖြစ်ပွားသော နေ့တစ်နေ့ ဖြစ်ကြောင်း ယင်းအချက်အလက်များအရ သိရသည်။
ယမန်နေ့မနက်က နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ၁၃၁၈၆၈ ဦး ရှိပြီး သေဆုံးသူပေါင်း ၃၈၆၇ ဦး ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆေးလာသူပေါင်း ၅၇၇၂၁ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယနေ့သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဗဟိုအစိုးရက ကြေညာခဲ့သော နိုင်ငံတစ်ဝှမ်း အသွားအလာကန့်သတ်ပိတ်ပင်မှုပြုလုပ်ထားသည့် ၆၂ ရက်မြောက်နေ့ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို