၈ ဇွန်
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဇွန် ၈ ရက်နေ့အထိ သေဆုံးသူ ၇၁၃၅ ဦး ရှိပြီး ရောဂါ ကူးစက်ခံရသူပေါင်း ၂၅၆၆၁၁ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၂၀၆ ဦး ရှိပြီး ရောဂါကူးစက်ခံရသူ ၉၉၈၃ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းအချက်အလက်များက ဆိုသည်။ နိုင်ငံအတွင်း ကူးစက်မှု အမြင့်ဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဇွန် ၇ ရက်နေ့ မနက်ပိုင်းက နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၄၆၆၂၈ ဦး ရှိပြီး ရောဂါကူးစက်သေဆုံးသူ ၆၉၂၉ ဦး ရှိသည်။
ရောဂါကူးစက် ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ယခုအချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၄၀၉၅ ဦး ရှိသည်ဟု သိရသည်။
ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း အသွားအလာ ပိတ်ဆို့မှုကို မတ်လ ၂၅ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ က ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို