၇ မေ
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၀၀၀၀ ကျော်ရှိကြောင်း ယနေ့သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅၆၁ ဦး နှင့် သေဆုံးသူ ၈၉ ဦး အထိ မြင့်တက်လာရာ ကူးစက်ခံရသူပေါင်း ၅၂၉၅၂ ဦး နှင့် ယင်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၁၇၈၃ ဦး ရှိလာသည်ဟု ဒေသစံတော်ချိန် မနက် ၈ နာရီက ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ညနေက နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉၃၉၁ ဦး နှင့် သေဆုံးသူ ၁၆၉၄ ဦး ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရသူ ၁၅၂၆၇ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာန တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
ယနေ့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် အစိုးရက ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံတစ်ဝှမ်း သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသည့် ၄၄ ရက်မြောက်နေ့ဖြစ်သည်။
မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံတစ်ဝှမ်း သွားလာခွင့်ကန့်သတ်ပိတ်ပင်မှုကို ပြီးခဲ့သည့် သီတင်းပတ်က ဒုတိယအကြိမ်မြောက် ကန့်သတ်ပိတ်ပင်မှု အဖြစ် မေလ ၁၇ ရက်နေ့အထိ တိုးမြှင့်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို