၂၂ ဇန်နဝါရီ

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၅၄၅ ဦး ထပ်မံတွေ့ရှိရပြီး ယနေ့အထိ ရောဂါ ကူးစက်ခံရသူ ဦးရေ ၁၀၆၂၅၄၂၈ ဦးအထိ မြင့်တက်လာကြောင်း ဖက်ဒရယ် ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

 

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၅၃၀၃၂ ဦးအထိ ရှိလာသည်။

 

 

ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းသွားသူ ၁၀၂၈၃၇၀၈ ဦး ရှိပြီး နိုင်ငံအတွင်း ကူးစက်မှု ခံရသူ ဦးရေ ၁၈၈၆၈၈ ဦး ရှိနေဆဲဖြစ်သည်။

 

 

ပြီးခဲ့သည့် စနေနေ့က အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု စတင် လုပ်ဆောင်ခဲ့သည်။

 

 

ယခုအချိန်အထိ လူဦးရေ တစ်သန်း နီးပါးကို ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသည်။

 

 

အစိုးရက နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ရာ ယခုအချိန်အထိ ပြည်သူသန်း ၁၉၀ ကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံး နေရာများအနက် တစ်ခုဖြစ်သော မြို့တော် ဒေလီတွင် ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၇၈၂ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို