အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၅၈၄ ဦး ထပ်မံတွေ့ရှိ

၁၂ ဇန်နဝါရီ

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၅၈၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူပေါင်း ၁၀၄၇၉၁၇၉ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

 

အဆိုပါ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၆၇ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူပေါင်း ၁၅၁၃၂၇ ဦး အထိ ရှိလာသည်။ နှစ်ရက်ဆက်တိုက် သေဆုံးသူ အရေအတွက် ၂၀၀ အောက် လျော့နည်းလာခြင်းဖြစ်သည်။

 

 

ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံများမှ ဆင်းသွားသူ ၁၀၁၁၁၂၉၄ ဦး ရှိပြီး နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ ၂၁၆၅၅၈ ဦး ရှိနေဆဲဖြစ်သည်။

 

 

အစိုးရက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှု အရှိန်မြှင့် လုပ်ဆောင်နေရာ ယခုအချိန်အထိ စမ်းသပ်စစ်ဆေးပြီးသူပေါင်း သန်း ၁၈၀ ကျော်ရှိပြီ ဖြစ်သည်။

 

 

နိုင်ငံအတွင်း ကူးစက်မှု အများဆုံး ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်သော မြို့တော် ဒေလီတွင်  ယမန်နေ့က ကူးစက်ခံရသူ ၃၀၆ ဦး တွေ့ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် ၁၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

 

 

မြို့တော်တွင် ယခုအချိန်အထိ ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၀၆၉၁ ဦး ရှိသည်ဟု ဒေလီကျန်းမာရေးဌာနက အတည်ပြု ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို