၇ ဩဂုတ်
အိန္ဒိယနိုင်ငံတွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၂၇၀၇၄ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက် ခံရသူ ၆၂၅၃၈ ဦးကို ထပ်မံတွေ့ရှိခဲ့သည်။
ထိုကူးစက်ခံရမှုကြောင့် ဩဂုတ် ၈ ရက်နေ့ ကတည်းက သေဆုံးသူ ၈၈၆ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၄၁၅၈၅ ဦး ရှိလာကြောင်း ထိုဝန်ကြီးဌာန၏ အချက်အလက် ဖော်ပြချက်အရ သိရသည်။
ကူးစက်ခံရသူ ဦးရေ ၁၃၇၈၁၀၅ ဦးကို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီး ဆင်းရုံများမှ ဆင်းခွင့် ရရှိခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ယခုအချိန်ထိ ဆေးရုံများတွင် ကူးစက်ခံရမှုကြောင့် ကုသမှု ခံယူနေသူ ၆၀၇၃၈၄ ဦး ရှိနေသေးသည်။
ဩဂုတ် ၇ ရက်နေ့သည် နိုင်ငံအတွင်း ကူးစက်ခံရသူ ဦးရေ ၅၀ဝ၀ဝ ကျော် ရှိသည့် ရှစ်ရက်မြောက်နေ့ ဖြစ်သည်။
အိန္ဒိယ ဆေးဘက်ဆိုင်ရာ သုတေသန ကောင်စီ၏ အချက်အလက်များအရ ဩဂုတ်လ ၆ ရက်နေ့ မတိုင်ခင်အထိ ဓာတ်ခွဲနမူနာ ၂၂၇၈၈၃၉၃ ဦး စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့ တစ်နေ့တည်းမှာပင် ဓာတ်ခွဲနမူနာ ၆၃၉၀၄၂ ဦး ကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို