ဖေဖော်ဝါရီ

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာခန်ပြည်နယ်တွင် ယမန်နေ့ကရေခဲတောင်တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ ရေခဲများအရည်ပျော်ကျပြီးစီဆင်းလာသည်ဟု ဖော်ပြထားသည်။

 

အဆိုပါရေခဲမြစ်အရည်ပျော်ကျမှုကြောင့် ရေအားလျှပ်စစ်စီမံကိန်းလုပ်သားခုနစ်ဦး သေဆုံးပြီး အခြား ဦးရေ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ဆိုသည်။

 

စစ်ဘက်နှင့်ရဲတပ်ဖွဲ့ဝင်များက လူ ၁၆ ဦးကိုကယ်ဆယ်နိုင်ခဲ့သော်လည်း ထိခိုက်သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

 

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ဉတ္တရာခန်တွင် ဖြစ်ပွားနေသောအခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ ယင်းနေရာရှိ ဒေသခံများအားလုံးဘေးကင်းစေရန် ဆုတောင်းမေတ္တာပို့လျက်ရှိကြောင်း တွစ်တာတွင် ရေးသားဖော်ပြထားသည်။

 

ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ထိုရေခဲမြစ်ပျော်ကျရသည့်အကြောင်းရင်းကို ဖော်ထုတ်ကြိုးစားသွားမည် ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို