အိန္ဒိယတွင် တစ်ရက်အတွင်း ကိုဗစ် -၁၉ ကူးစက်ခံရသူ တစ်သောင်းကျော်တွေ့ရှိ

နယူးဒေလီ  ၁၉ ဇွန်

အိန္ဒိယနိုင်ငံတွင် ဇွန် ၁၉ ရက် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီး အသစ် ကူးစက်ခံရသူ ၁၃၅၈၆ ဦးအထိ တွေ့ရှိခဲ့ရကြောင်း သိရသည်။


ထို့ကြောင့် စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ၃၈၀၅၃၂ ဦးအထိရှိကာ နောက်ထပ် ၃၃၆ ဦး ထပ်မံသေဆုံး ခဲ့သည့်အတွက် သေဆုံးသူအရေအတွက် ၁၂၅၇၃ ဦးအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယား အချက်အလက်များအရ သိရသည်။

 

သတင်းဆိုးများအကြား သတင်းကောင်းတစ်ခုမှာ ပြန်လည်ကျန်းမာလာသူ အရေ အတွက်မှာလည်း ဦးရေ ၂၀၄၇၁၀ ရှိပြီး ၅၃ ဒသမ ၇၉ ရာခိုင်နှုန်း ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ကျန်းမာရေးအရာရှိ တစ်ဦးက ပြောသည်။

 

အသစ်တွေ့ရှိရသည့် ကူးစက်လူနာများထဲတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်းသိရသည်။

ပီတီအိုင်နယူးစ်