အိန္ဒိယတပ်များ ပစ်ခတ်မှုကြောင့်  အရပ်သားလေးဦး သေဆုံးဟု ပါကစ္စတန်စစ်တပ် ပြောကြား

၁၈ ဇွန်

 

အငြင်းပွားရာ ကက်ရှ်မီးယားဒေသ(LoC) တစ်လျှောက်တွင် အိန္ဒိယတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် အရပ်သား လေးဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့နှောင်းပိုင်းက ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

 

အိန္ဒိယစစ်တပ်များသည် အပစ်အခတ် ရပ်စဲရေးကို စတင်ချိုးဖောက်ကာ (LoC)တစ်လျှောက်ရှိ နစ်ကယ်နှင့် ဘတ်ဆာ နယ်မြေတွင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်သဖြင့် အပြစ်မဲ့ အရပ်သားလေးဦး သေဆုံးကြောင်း စစ်ဘက်ဆိုင်ရာ မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးသူများတွင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဒဏ်ရာရသူ တစ်ဦးကို ယင်းဒေသရှိ ဒေသန္တရ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

အိန္ဒိယ၏ ပစ်ခတ်မှုကို ပါကစ္စတန်တပ်ဖွဲ့များက ထိရောက်စွာ တုန့်ပြန်ခဲ့သည်ဟု ထပ်လောင်း ဖော်ပြထားသည်။

 

ပါကစ္စတန်နှင့် အိန္ဒိယတို့သည် (LoC) တစ်လျှောက် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့သည်။ အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်သည်ဟု နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲကာ အပြန်အလှန် ပစ်ခတ်မှုများ ပုံမှန်ပြုလုပ်ခဲ့ကြသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို