၃၁ မေ
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi သည် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်း၏ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယ သက်တမ်းတာဝန်ဆက်ယူရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
ယမန်နေ့က နယူးဒေလီ မြို့တော်ရှိ သမ္မတ အိမ်တော်၌ ကျင်းပသော ကျမ်းသစ္စာကျိန်ဆိုပွဲ သို့ မိုဒီ နှင့် ၎င်း၏ အစိုးရ အဖွဲ့ဝင် ၅၇ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မိုဒီ နှင့် ဆက်ဆံရေးအားကောင်းသည့် ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ နှင့် အခြားသော ခြောက်နိုင်ငံ မှ နိုင်ငံခေါင်းဆောင်များ အတူတကွ တက်ရောက်ခဲ့ကြသည်။
သို့သော်လည်း မိုဒီသည် ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ကို ဖိတ်ကြားခြင်း မပြုခဲ့ပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက အိန္ဒိယ နှင့် အိမ်နီးချင်း ပါကစ္စတန် နိုင်ငံတို့ အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
မိုဒီ သည် ကမ္ဘာ့စီးပွားရေး မောင်းနှင်အားထဲက တစ်ခုဖြစ်သော ပြည်တွင်းစီးပွားရေး ထပ်မံ တိုးတက်လာရန် ကျေးလက်ဒေသများတွင် ဝင်ငွေ မြင့်တက် ပြီး အလုပ်အကိုင် များ ဖန်တီးပေးရန် ကြိုးစားဖွယ်ရှိသည်။
နောက်ထပ် စိန်ခေါ်မှု ဖြစ်သည် ဘာသာရေးနှင့်ဆိုင်သော ကွဲပြားခြားနားမှုများကို ဖြေလျော့ပေးခြင်းဖြင့် အမျိုးသား ရင်ကြားစေ့ရေး တိုးတက်လာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို