နယူးဒေလီ   ဒီဇင်ဘာ    ၂၇

အိန္ဒိယဝန်ကြီးချုပ်ဟောင်း  မန်မိုဟန်ဆင်း သည် အသက် ၉၂ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

၎င်းသည်   ၂၀၀၄  ခုနှစ်မှ   စတင်ကာ တိုင်းပြည်ကို ၁၀ နှစ်တာ ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ မန်မိုဟန်ဆင်းသည် ဒီဇင်ဘာ ၂၆ ရက်တွင်     နယူးဒေလီရှိဆေးရုံတစ်ရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

မစ္စတာဆင်းသည်  မူလက စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး    ၁၉၉၀ ပြည့်နှစ် လွန်နှစ်များတွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေး ဖြေလျှော့မှုမူဝါဒကို ဦးဆောင်ရန် ဘဏ္ဍာရေးဝန်ကြီး  ရာထူးတာဝန် ထမ်းဆောင်ခဲ့သည်။  ၎င်းသည် ၂၀၀၄ ခုနှစ်က အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၎င်းသည် အိန္ဒိယနှင့် ဂျပန်စီးပွားရေး၊ လုံခြုံရေးနှင့်  အခြားသောကိစ္စရပ်များ  ပူးပေါင်းဆောင်ရွက်မှုတို့တွင်  ဆက်ဆံရေးခိုင်မာစေခဲ့သည်။   ထိုစဉ်   ဒုတိယအကြိမ် သက်တမ်းအတွက် တာဝန်ယူစဉ် ၎င်း၏  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အကျင့်ပျက် ခြစားမှု  စွပ်စွဲမှုများအတွက် ထိခိုက်ခဲ့ရသည်။

၂၀၁၄ ခုနှစ်  အထွေထွေရွေးကောက်ပွဲတွင် ၎င်း၏ပါတီသည်  လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏     ပါတီကိုရှုံးနိမ့်ခဲ့သည်။ ဆင်းသည် ပြည်သူများ၏ ဘဝတိုးတက်ရေးအတွက်  ဝန်ကြီးချုပ်တစ်ဦး အနေဖြင့် အထူးကြိုးပမ်းအားထုတ်ခဲ့သည်ဟု မိုဒီက  ပြောသည်။                          

အင်န်အိတ်ချ်ကေ