ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်းများ အိုဆာကာမြို့တော်တွင် စုဝေးခဲ့ကြသည်။ တီဟီရန်နှင့် ဝါရှင်တန်အကြား ပဋိပက္ခများဖြစ်ပေါ်နေချိန်နှင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ် အရှိန်မြင့်နေချိန်တွင် အဆိုပါ နှစ်ရက်ကြာ အစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြိုဆိုပွဲအခမ်းအနားဖြင့် ယနေ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးပွဲ၏ ရည်မှန်းချက်မှာ ပဋိပက္ခများကို ကျော်လွားပြီး ပြဿနာပေါင်းများစွာကို ဖြေရှင်းနိုင်သည့် အများဆန္ဒတည်ဆောက်ရန်ဖြစ်သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဒစ်ဂျစ်တယ် ဆန်းစစ်မှုတီထွင်မှုတို့ကို ဆွေးနွေးမည်ဖြစ်သည်။ သို့သော်လည်း ဆွေးနွေးမှုများတွင် ကုန်သွယ်ရေးကိစ္စရပ်က လွှမ်းမိုးမည်ဟု မျှော်လင့်ရသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား တစ်ဦးနှင့်တစ်ဦး အခွန်ကောက်ခံမှုအတွက် အငြင်းပွားလျက်ရှိသည်။ စနေနေ့တွင် ဒေါ်နယ်ထရန့်နှင့် ရှီကျင့်ဖျင်တို့သည် တွေ့ဆုံဆွေးနွေးမည်ပြီး အများမျှော်လင့်နေသည့် ဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။
အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများသည်လည်း အငြင်းပွားဖွယ်ရာ ခေါင်းစဉ်ဖြစ်မည် ဖြစ်သည်။
ယခုလအစောပိုင်းတွင် အရှေ့အလယ်ပိုင်း၌ ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရပြီးကတည်းက အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။ အမေရိကန်နိုင်ငံက အီရန်နိုင်ငံကို စွပ်စွဲပြစ်တင်ထားသော်လည်း အီရန်နိုင်ငံက ငြင်းဆိုထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်