၁ သြဂုတ်
အယ်ခိုင်ဒါအဖွဲ့၏ ခေါင်းဆောင်သစ်ဖြစ်လာမည့်သူအဖြစ် အမေရိကန်ပြည်ထောင်စု၏ စောင့်ကြည့်ခြင်းခံခဲ့ရသည့် အိုစမာဘင်လာဒင်၏ သားဖြစ်သူသည် သေဆုံးခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဟမ်ဇာဘင်လာဒင် သေဆုံးခဲ့သည်ဟူသည့် သတင်းကို New York Times နှင့် NBC သတင်းများကို ကိုးကားပြီး အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အယ်ခိုင်ဒါးခေါင်းဆောင်အဖြစ် ၂၀ဝ၁ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ခိုက်မှုတွင် ကြိုးကိုင်သူအဖြစ် အိုစမာဘင်လာဒင်၏ နေရာဆက်ခံသူအဖြစ် ၄င်းကို အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားခဲ့သည်။
အိုစမာဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံတွင် ၂၀၁၁ခုနှစ်အတွင်းက သေဆုံးခဲ့ကြောင်း အမေရိကန်အထူးတပ်ဖွဲ့များက ဆိုသည်။ အမေရိကန်ပြည်ထောင်စုကို လက်တုံ့ပြန်ဆန့်ကျင်တိုက်ခိုက်ရန် ၄င်း၏သားကို မှာကြားခဲ့သည်ဟု ဆိုသည်။
၂၀၁၇ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စုသည် အကြမ်းဖက်အဖွဲ့စောင့်ကြည့်ရမည့် စာရင်းထဲတွင် ဟမ်ဇာဘင်လာဒင်ကို ထည့်သွင်းခဲ့သည်။
ဖေဖော်ဝါရီလအတွင်းကလည်း ဟမ်ဇာဘင်လာဒင် မည်သည့်နေရာမှာ ရှိသည်ဆိုသည့် သတင်းအချက်အလက်ပေးနိုင်လျှင် ဒေါ်လာတစ်သန်း ချီးမြှင့်မည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကြေညာပြီးနောက် ဟမ်ဇာဘင်လာဒင်အသတ်ခံရမှာ ဖြစ်နိုင်ခြေရှိကြောင်းနှင့် ၄င်းသေဆုံးမှုတွင် အမေရိကန်ပြည်ထောင်စု ပါဝင်ပတ်သက်နေနိုင်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် သတင်းထောက်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို မေးမြန်းခဲ့ရာ၄င်းက ငြင်းဆိုခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်