အိုက်စလန်နိုင်ငံ၌ ဒီဇင်ဘာနောက်ပိုင်း လေးကြိမ်မြောက် မီးတောင်ပေါက်ကွဲမှုဖြစ်ပွား  

 

ရေဂျာ ဗစ် မတ် ၁၇

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းမှစတင်ကာ အိုက်စလန်နိုင်ငံရှိ မီးတောင်မှာ လေးကြိမ်မြောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဖိအားပေးခြင်းနှင့် နာမည်ကြီး Geothermal အပန်းဖြေ အနားယူစခန်းကို ပိတ်ပစ်ရခြင်းတို့ ပြုလုပ်ခဲ့ရသည်။ အိုက်စလန်နိုင်ငံ  အနောက်တောင်ဘက် ကျွန်းဆွယ်ရှိ မီးတောင်တစ်ခုမှာ မတ် ၁၆ ရက် က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အိုက်စလန် မိုးလေဝသအာဏာ ပိုင်များက ပြောကြားခဲ့သည်။ ရုပ်သံမှတ်တမ်းတွင် မြေပြင်အက် ကြောင်းများမှ မီးခိုးများနှင့်လိမ္မော် ရောင်ချော်ရည်များ ပန်းထွက်နေ မှု၊ တောင်စောင်းပေါ်မှ ချော်ရည်များ စီးဆင်းလာမှုတို့ကို တွေ့ရှိရ သည်။

ယခုတစ်ကြိမ် မီးတောင်ပေါက်ကွဲမှုမှာ သုံးလအတွင်းလေး ကြိမ်မြောက်ဖြစ်ပြီး နောက်ထပ် မီးတောင်ပေါက်ကွဲမှုများကို သတိထားကြရန်လည်း တောင်းဆိုထားသည်။ ဘလူးလာဂွန် အပန်းဖြေ စခန်းမှ ခရီးသွားနှင့် ဒေသခံ ၇၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ အနီးဝန်းကျင်မြို့များတွင် နေထိုင်ကြ သည့် ဒေသခံများမှာ အဆိုပါ နေရာမှ ထွက်ခွာသွားခဲ့ကြပြီးဖြစ်သည်။

ယင်းအပန်းဖြေစခန်းမှာ ခရီး သွားများ နှစ်ခြိုက်သည့် နာမည်ကျော် အပန်းဖြေစခန်းဖြစ်ပြီး မတ် ၁၆ ရက် မီးတောင်ပေါက်ကွဲ ပြီးနောက် စခန်းကို ယာယီပိတ်ထားရသည်။

အိုက်စလန်နိုင်ငံမှာ မီးတောင်ပေါက်ကွဲမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကလည်း မီးတောင် အကြီးအကျယ် ပေါက်ကွဲမှုကြောင့် လေထုထဲသို့ အလွန်များပြားသည့် မီးတောင်ပြာများ လွင့်စဉ်သွားခဲ့ပြီး ဥရောပဒေသတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။ လေယာဉ်ခရီးစဉ်ပေါင်း တစ်သိန်းကျော်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ယခုလတ်တလော မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုကြေညာချက်များ မတွေ့ရသေးချေ။

အင်န်အိတ်ချ်ကေ