ရန်ကုန် ဇွန် ၂၂
အားကစားနှင့် ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group (MMAG)တို့ ပူးပေါင်းကျင်းပသော အိုလံပစ်နေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ မျိုးဆက် သစ် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲနှင့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ကစ်ဘောက်ဆင်အမျိုး သမီးလူရွေးပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ရုံ ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ သုံးချီပြိုင်ပွဲတွင် ပနာအဲ(ရိုးရာကျား)နှင့် မိုက်ခဲလေး(Ray)၊ မင်းမြတ်ကို (တော်ဝင်ဧရာ)နှင့် ခွန်မင်းမင်း(M.F.C)၊ အောင်ခန့်မင်း(555 mix sport)နှင့် မင်းထက်ကျော်(အဖြူရောင်သွေးသစ်)၊ ထက်မြက်(Holy Power)နှင့် ဘုန်းမြတ်သာ (Titanium) တို့ပြိုင်ပွဲများမှာ အနိုင်အရှုံးမပြတ်သားဘဲ အလူးအလဲဖြင့် သရေပွဲများဖြစ်ခဲ့သည်။
ထို့ပြင် ကောင်ကြီး (ရန်ကြီးအောင်)နှင့် အောင်သိုက်(ရိုးရာနေပြည်တော်)တို့ပြိုင်ပွဲ၌ အောင်သိုက်၏ လက်သီးထိုးချက်များကြောင့် ကောင်ကြီးမှာ ပထမအချီတွင် အမှတ်စဉ်သုံးကြိမ်ရေတွက်ခံရပြီး အောင်သိုက်က အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့သည်။
ထို့နောက် ချစ်ရအောင်(Ray)က သက်မောင်(အင်းစိန်)ကို တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိ ခဲ့ပြီး ကျားမာန်ဟိန်း(smart fight)က နော်ဆန်း (သုံးခွ)ကို ပထမအချီ၌အလဲထိုးနိုင်ခဲ့ကာ ရဲမိုက်တီး (MK 1)က ထက်ရန်နိုင် (ဟံသာဝတီ)ကို တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ (၃၃)ကြိမ်မြောက် ဆီးဂိမ်းကစ်ဘောက်ဆင်လူရွေးပွဲတွင် ခင်မိုးအေး (အဖွဲ့ချုပ်)နှင့် ဆက်ဆက်နိုင် (ဘားအံ)တို့ပြိုင်ပွဲတွင် ဒိုင်သုံးဦး၏ အမှတ်ဖြင့် ခင်မိုးအေးအနိုင်ရရှိခဲ့ပြီး မေသဉ္ဇာဦး (အဖွဲ့ချုပ်)နှင့် ငြိမ်းချမ်းရေး ဆုလာဘ်(ဘားအံ) တို့ပြိုင်ပွဲတွင်လည်း ဒိုင်သုံးဦးက အမှတ်ဖြင့် ဆုံးဖြတ် ကာ မေသဉ္ဇာဦးကို အနိုင်ပေးခဲ့သည်။
ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့် အမှုဆောင်များ၊ လက်ဝှေ့ဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး မြန်မာနိုင်ငံကစ်ဘောက်ဆင် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများက လက်ဝှေ့ရေးပြ ဆုရ အောင်သိုက်(ရိုးရာနေပြည်တော်)နှင့် ပြိုင်ပွဲ၀င်များကို ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြ ကြောင်း သိရသည်။
လင်းရာမ