၂ ဖေဖော်ဝါရီ
၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမနေ့ကို ဖေဖော်ဝါရီ ၃ ရက် တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်တောင်ကိုရီးယားအသင်းနှင့် အဖွင့်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စု (က) ပွဲစဉ်များကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းသည် ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်ပြီး မြောက်ကိုရီးယားအသင်း နုတ်ထွက်သွားသောကြောင့် သုံးသင်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ နောက်ဆုံးအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် မျှော်လင့်ချက်ရှိနေပြီး တောင်ကိုရီးယားနှင့်ပွဲတွင် ပေးဂိုးနည်းရန် လိုအပ်သလို ဗီယက်နမ်နှင့် နောက်ဆုံးပွဲတွင်လည်း ရလဒ်ကောင်းရန် လိုအပ်နေသည်။
မြန်မာအမျိုးသမီးအသင်းသည် တတိယအဆင့်ခြေစစ်ပွဲမတိုင်မီ နည်းပြအပြောင်းအလဲပြုလုပ်ထားပြီး နည်းပြသစ် ခန့်အပ်နိုင်ခြင်းမရှိသောကြောင့် ယခင်အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေသည့် ဦးတင်မြင့်အောင်က ယာယီနည်းပြချုပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယနေ့ကစားမည့်ပွဲတွင် မြန်မာအသင်း၏ အဓိကတိုက်စစ်မှူး ဝင်းသိဂီထွန်း ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
အုပ်စု (ခ) တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေပြီး သြစတြေးလျနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ