ဂျီနီဗာ ဒီဇင်ဘာ ၁

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းအဖွဲ့၏ အကြီးအကဲ ဂါဘရီယိုးဆပ်က ယမန်နေ့ကပြုလုပ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး၌ ပြောကြားသည်။

 

၎င်းဗိုင်းရပ်စ်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိုးရိမ်ဖွယ်ကောင်းသည့် ဗီဇပြောင်းဗိုင်းရပ်စ် အဖြစ်သတ်မှတ်ထားသည်။ ၎င်းဗီဇပြောင်း ဗိုင်းရပ်စ်သည် ဆေးယဉ်ပါးသော ဗိုင်းရပ်စ် အမျိုး အစား ဟုတ်၊ မဟုတ် အပါအဝင် အခြားလိုအပ်သော အချက်အလက်များကို ပြည့်စုံစွာသိရှိနိုင် စေရန် သုတေသနလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း တီဒရော့စ်က ပြောကြားသည်။

 

ယခုကမ္ဘာပေါ်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်စတင်တွေ့ရှိလာရခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အဆုံးမသတ်သေးကြောင်း သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ