ဒါကာ ဇန်နဝါရီ ၂၅

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ် - ၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှုကြောင့် နောက်ထပ်ကူးစက်မှုအသစ်များ ဖြစ်ပေါ်လျက်ရှိသည်ဟု အဆင့်မြင့်အရာရှိတစ်ဦးက ဇန်နဝါရီ ၂၃ ရက်တွင် ပြောသည်။

 

အိုမီခရွန်ကြောင့် ကူးစက်မှုများ တစ်ရှိန်ထိုး ပြန်လည်များပြားလာခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ဆောင်မှု ညွှန်ကြားရေးမှူးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ နက်ဇ်မူအစ္စလာမ်က ပြောသည်။

 

အိုမီခရွန်ကူးစက်မှုမှာ ဒယ်လ်တာ ကူးစက်မှုနေရာတွင် တဖြည်းဖြည်းအစားထိုး ဝင်ရောက်လာသည်ဟု ၎င်းက ဆက်ပြောသည်။

 

အိုမီခရွန်ကူးစက်ခံရသူ ၇၃ ရာခိုင်နှုန်းမှာ နှာရည်ယိုခြင်း၊ ၆၈ ရာခိုင်နှုန်းမှာ ခေါင်းကိုက်ခြင်း၊ ၆၄ ရာခိုင်နှုန်းမှာ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ၆၀ ရာခိုင်နှုန်းမှာ နှာချေခြင်းတို့ ပြသကြသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် စာစောင်တွင် တွေ့ရသည်။

 

လူနာ ၆၀ ရာခိုင်နှုန်းမှာ လည်ချောင်းနာပြီး ၄၄ ရာခိုင်နှုန်းမှာ ချောင်းဆိုးကြသည်ဟု ၎င်းကဆက်ပြောသည်။

 

အကယ်၍ ကျန်းမာရေး စည်းကမ်းများသာ လိုက်နာခြင်းမရှိပါက အိုမီခရွန်ကူးစက်မှုကို ရပ်တန့်နိုင်မည် မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇန်န ဝါရီ ၂၃ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၀၉၀၆ ဦးတွေ့ရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်းမှာ ၁၆၈၅၁၃၆ ဦးရှိသည်ဟု အစိုးရ အချက်အလက်များအရ သိရသည်။

ဆင်ဟွာ