မနီလာ ဇန်နဝါရီ ၁၂
ကူးစက်မှု အလွန်လျင်မြန်သည့် အိုမီခရွန်ကူးစက်မှုမှာ ဒယ်လ်တာ ကူးစက်မှုနှင့်အပြိုင် ဖြစ်လာပြီး ယခုအခါ ဖိလစ်ပိုင်တွင် တစ်ရှိန်ထိုး များပြားလာသည်ဟုလည်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး ဖရန်စ္စကို ဒုကီက ဇန်နဝါရီ ၁၀ ရက် ညပိုင်းတွင် ပြောသည်။
အိုမီခရွန်ကူးစက်မှုဖြစ်
နောက်ထပ် ကူးစက်ခံရမှုများ၏ ၆၀ ရာခိုင်နှုန်းမှာလည်း အိုမီခရွန်ကူးစက်မှုများ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
ဇန်နဝါရီ ၃ ရက်မှ စတင်ကာ နမူနာများကို ဆေးစစ်ရာ ယင်းထဲတွင် ၆၀ ဒသမ ၄၂ ရာခိုင်နှုန်းမှာ အိုမီခရွန် ကူးစက်မှုဖြစ်ပြီး ၃၇ ဒသမ ၅ ရာခိုင်နှုန်းမှာ ဒယ်လ်တာကူးစက်မှု ဖြစ်သည်ဟု သိရသည်။
စံချိန်တင်များပြား
အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက် တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃၁၆၉ ဦးရှိပြီး နေ့စဉ် ကူးစက်မှုများ စံချိန်တင်များပြားလာခြင်းဖြစ်သည်။
သုံးသန်းနီးပါးရှိလာ
ယခုအချိန်အထိ ကူးစက်မှုပေါင်း သုံးသန်းနီးပါး ရှိလာပြီဖြစ်သည်။
စတုတ္ထလှိုင်းနှင့်ရင်ဆိုင်နေရ
ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး သေဆုံးမှုမှာ ၅၂၂၉၃ ဦးရှိသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုစတုတ္ထလှိုင်းနှင့် ရင်ဆိုင်နေရသည်။
ဆင်ဟွာ