နယူးယောက် ဒီဇင်ဘာ ၅
အမေရိကန်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(စီဒီစီ)၏ မှတ်တမ်းများအရ မေလမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂ ရက်တွင် ကာကွယ်ဆေးအလုံးရေ ၂ ဒသမ ၂ သန်း ထိုးနှံပေးခဲ့ရသည်ဟု သိရသည်။ အချို့သော ပြည်နယ်များတွင် အိုမီခရွန်ကူးစက်မှုမှာ ပျံ့နှံ့လာပြီး ကျန်းမာရေး အာဏာပိုင်များကလည်း ပြည်သူများ ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် တိုက်တွန်းထားကြသည်။
သတင်းများတွင် အိုမီခရွန် ကူးစက်မှုများအကြောင်း လွှမ်းမိုးနေသော်လည်း ၉၉ ဒသမ ၉ ရာခိုင်နှုန်းမှာ ဒယ်လ်တာကူးစက်မှုများပင်ဖြစ်သည်ဟု စီဒီစီမှ ညွှန်ကြားရေးမှူးဖြစ်သူ ရိုချိုလီ ဝေလ်လန်စကီးက ပြောသည်။
ကိုဗစ်-၁၉ မျိုးကွဲနှင့် ပတ်သက်၍ သုတေသီများက သုတေသနပြုနေကြောင်း အိမ်ဖြူတော်မှ ဆေးဘက်ဆိုင်ရာ အကြံ ပေးဖြစ်သူ အန်သိုနီဖောင်ချီက ပြောသည်။
နှစ်ပတ်တာအတွင်း မျိုးကွဲ၏ကူးစက်မှုနှင့် ပြင်းထန်မှုအခြေအနေတို့ကို သိသင့်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိ ကာကွယ်ဆေးများမှာလည်း တစ်စုံတစ်ခုသော ကာကွယ်မှုများ ပေးနိုင်သည်ဟု ယုံကြည်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အိုမီခရွန်မျိုးကွဲ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရသူ အမေရိကန်တွင် မရှိသေးကြောင်း ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ