တိုကျို ဇူလိုင် ၂၂
ဂျပန် ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက အိုမီခရွန်မျိုးကွဲဗီဇပြောင်းဗိုင်းရပ်စ် BA.5 ကာကွယ်ဆေးသုံးမျိုးကို အရေး ပေါ်သုံးစွဲခွင့် အတည်ပြုလိုက် ပြီဖြစ်ကြောင်း ယနေ့သတင်းများ အရ သိရသည်။
အိုမီခရွန် မျိုးကွဲဗီဇပြောင်း ဗိုင်းရပ်စ် BA.5 သည် ကမ္ဘာ့နိုင်ငံ များ၌ ပျံ့နှံ့လျက်ရှိသည်။
တိုကျိုတက္ကသိုလ်နှင့် အမျိုး သားကူးစက်ရောဂါကာကွယ်ရေး ဆိုင်ရာအင်စတီကျုတို့မှ သုတေသီ များပါဝင်သောအဖွဲ့က အဆိုပါ ကာကွယ်ဆေးသုံးမျိုး၏ ရောဂါ ခုခံနိုင်စွမ်းတို့ကို စစ်ဆေးပြီး နောက် the New England ဆေးဘက်ဆိုင်ရာ ဂျာနယ်တွင် ရလဒ်များကို ဖော်ပြခဲ့သည်။
အဆိုပါ ကာကွယ်ဆေးသုံးမျိုး မှာ remdesivir ၊ molnupiravir နှင့် nirmatrelvir တို့ဖြစ်ပြီး ယင်း တို့သည် BA.5 နှင့် BA.2 ဗိုင်းရပ်စ် များကို ထိရောက်စွာ ကာကွယ် ပေးကြောင်း ၎င်းတို့က ဆိုသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအချို့သည် ယခင်ဗိုင်းရပ်စ် များကို ခုခံနိုင်စွမ်းရှိသော်လည်း BA.5 မျိုးကွဲဗိုင်းရပ်စ်ကို ခုခံနိုင် စွမ်းနည်းပါးသည့်အတွက် အဆိုပါ ကာကွယ်ဆေးသုံးမျိုးကို သုံးစွဲရန် အတည်ပြုပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အောင်ကျော်ကျော်