မက္ကဆီကိုစီးတီး ဇန်နဝါရီ ၁၉
ကိုဗစ်-၁၉ မျိုးကွဲဖြစ်သည့် အိုမီခရွန်ကူးစက်မှု မက္ကဆီကိုနိုင်ငံတွင် ပေါ်ပေါက်နေသော်လည်း မက္ကဆီကိုနိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူမှု လမ်းကြောင်းမှာ အရှိန်ကောင်းနေဆဲဖြစ်သည်ဟု သမ္မတ အန်ဒရက်စ် မန်နျူရယ်လိုပက်ဇ် အော်ဘရာဒိုက ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။
ကိုဗစ် -၁၉ ကူးစက်မှုလှိုင်းရှိနေသော်လည်း စီးပွားရေးကြီးထွားလာမှုမှာ ရပ်တန့်မသွားသေးကြောင်း မက္ကဆီကိုသမ္မတ သတင်းထောက်များကို ပြောသည်။ မက္ကဆီကိုသမ္မတလိုပက်ဇ်မှာ ကိုဗစ်-၁၉ ဒုတိယအကြိမ် ကူးစက်ခံရပြီး ခြောက်ရက်ကြာ အသွားအလာပိတ်ဆို့ကန့်သတ်ခံရပြီးနောက် သတင်းထောက်များကို ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ်ကြောင့် စားသောက်ဆိုင်များနှင့် အခြားသောကဏ္ဍများတွင် ထိခိုက်မှုများရှိသော်လည်း ထိုအခြင်းအရာများကို ဖြတ်ကျော်သွားနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ၎င်းကဆက်ပြောသည်။
ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်စဉ်ကာလ အချို့သောစီးပွားရေး ကဏ္ဍများတွင် တစ်စိတ်တစ်ပိုင်း ပိတ်မှုများ ပြုလုပ်ခဲ့ရသည့်အတွက် အလုပ်သမားလျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ။
ယခု တစ်ကြိမ်တွင်လည်း ကုမ္ပဏီများကယင်းသို့ လုပ်ဆောင်ရန်မလိုကြောင်း မက္ကဆီကို သမ္မတက ပြောသည်။ အိုမီခရွန်မှာ ဒယ်လ်တာမျိုးကွဲလောက် ပြင်းထန်မှုမရှိကြောင်း၊ ရောဂါ လက္ခဏာခံစားရမှုနှင့် ပြန်လည် နာလန်ထူသည့် အချိန်တို့မှာလည်း တူညီမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။ ၂၀၂၁ ခုနှစ်တွင် မက္ကဆီကို နိုင်ငံ၏စီးပွားရေးမှာ ၆ ရာခိုင်နှုန်း တိုးတက်လာမည်ဟု မက္ကဆီကို အစိုးရက ခန့်မှန်းခဲ့သည်။ ကနဦး စီးပွားရေးတိုးတက်မှု အချက်အလက် များကို ဇန်န ဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ