နယူးဒေလီ   ဇူလိုင်   ၁၂

အိုမန်ကမ်းရိုးတန်း၌ အိန္ဒိယနိုင်ငံသားများ တင်ဆောင်လာသော “GFS Galaxy” အမည်ရှိ ကုန်သွယ်ရေးသင်္ဘောအား ယနေ့ တိုက်ခိုက်ခံရမှုကို အိန္ဒိယအစိုးရက ရှုတ်ချခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသား ၁၀ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဒေသတွင်း ကုန်သွယ်ရေးသင်္ဘောများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းကို အဆုံးသတ်ရမည်ဖြစ်ပြီး လွတ်လပ်စွာ ရေကြောင်း သွားလာမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများကို အမြန်ဆုံး ပြန်လည်ထူထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုမန်နိုင်ငံရှိ အိန္ဒိယသံရုံးက ကုန်သွယ်ရေးသင်္ဘောတိုက်ခိုက်ခံရမှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အိုမန်အာဏာပိုင်များနှင့် ရှေ့ဆောင် ပူးပေါင်းဆောင်ရွက်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေသတွင်းကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်မှုများအပေါ် အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်းကိုလည်း  ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်