အိုင်အက်စ် စစ်သွေးကြွများ သတ်ဖြတ်မှုကြောင့် လစ်ဗျားအလယ်ပိုင်းမှ ဓားစာခံ ၆ ဦး သေဆုံး

ပြီးခဲ့သည့် နှစ်လခန့်က လစ်ဗျားနိုင်ငံအလယ်ပိုင်း ဖူဂျဟာ မှ  အစ္စလာ့မ်နိုင်ငံတော် အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ပြန်ပေးဆွဲခဲ့သော ဓားစာခံ ၁၀ ဦးမှ ၆ ဦးကို  ကွပ်မျက်ခဲ့ကြကြောင်း ဂျူဖရာ ခရိုင် အုပ်ချုပ်ရေးမှူး အော့သ်မန် ဟာဆူနာ  က လစ်ဗျား အယ်အာရာ ရုပ်သံလွှင့်ဌာနကို  ယမန်နေ့က ပြောကြားခဲ့သည်။

ဟာဆူနာက အိုင်အက်စ် အကြမ်းဖက်သမားများနှင့် လစ်ဗျားတပ်ဖွဲ့ဝင်များအကြား ဓားစာခံများနှင့် အိုင်အက်စ် အကျဉ်းသားများ လဲလှယ်ရေး စေ့စပ်ညှိ နှိုင်းရေးပြုလုပ်နေကြောင်း   ဂျူဖရာ ခေါင်းဆောင်များကို ပြောကြားခဲ့ကြောင်း သိရသည်။

ထရီပိုလီမြို့တော် အရှေ့တောင်ဘက် ၆၅၀ ကီလိုမီတာအကွာ  ဂျူဖရာ ရှိ ဖူဂျဟာ တွင် အောက်တိုဘာလက စီးနင်းတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံးခဲ့ခြင်းသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် တို့က အခိုင်အမာဆိုခဲ့သည်။

ဖေဖော်ဝါရီလက   ဂျူဖရာ စစ်ဆေးရေး ဂိတ်တွင် အသေခံတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး  ယင်းတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်များ ဖျက်ဆီးခံခဲ့ရပြီး တပ်မတော်သား ၃ ဦး  သေဆုံးခဲ့ကြောင်း  သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို