၇ ဖေဖော်ဝါရီ

 

အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်သည် ဆီးရီးယားတွင် အိုင်အက်စ်စစ်သွေးကြွများ၏ ဒေသများကို ပြန်လည်သိမ်းယူခဲ့သည့် အကြောင်းကို လာမည့်သီတင်းပတ်အတွင်း ကြေညာမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။ ဆီးရီးယားရှိ အမေရိကန်တပ်များ ပြန်လည်ရုပ်သိမ်းမည့် ရည်ရွယ်ချက်ကို ထရန့် က ထပ်လောင်းပြောကြားခဲ့သည်။

 

အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်သော အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့မှ ဝန်ကြီးများနှင့် ဗုဒ္ဓဟူးနေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်ချိန်အတွင်း ထရန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သော ၂ နှစ်အတွင်း ညွန့်ပေါင်းတပ်ဖွဲ့က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားသော ပိုင်နက်နယ်မြေ စတုရန်းကီလိုမီတာ ၅၀ဝ၀ဝ ကျော်ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ထရန့်က ပြောကြားသည်။


ဆီးရီးယားနိုင်ငံမှ ရဲရင့်သော တိုက်ခိုက်ရေးသမားများကို ကြိုဆိုလက်ခံရန် မျှော်လင့်လျက်ရှိကြောင်း ၄င်းက ဆိုသည်။


အိုင်အက်စ်အဖွဲ့အပေါ် ဆက်လက်ဖိအားပေးမှုမပြုလုပ်နိုင်ပါက ၆ လမှ ၁၂ လအတွင်း ဆီးရီးယားနိုင်ငံ၌ အိုင် အက်စ်အဖွဲ့ ပြန်လည် အာဏာရရှိလာဖွယ်ရှိကြောင်း တနင်္လာနေ့ကထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင် အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ 


ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ အလောတကြီး ရုတ်သိမ်းမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ရီ ဗက်ပလီကင်အမတ်အချို့က ပြောကြားခဲ့သည်။  


ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်
 

ာိည