ကက်ရှ်မီးယားရှိ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကို ပြီးခဲ့သည့်လအတွင်းက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သည်ဆိုသော အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင် ၄၄ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ပြောကြားသည်။

ပါကစ္စတန်အစိုးရက အဆိုပါကြေညာချက်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားလာမှုကြောင့် ပြန်လည်ဆင့်ခေါ်ခဲ့သည့် အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကို ၎င်း၏ရာထူးတွင် ပြန်လည်တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါသံအမတ်အား မူလရာထူးတွင်ပြန်လည်တာဝန်ထမ်းဆောင်စေခြင်းနှင့် စစ်သွေးကြွအုပ်စု ဂျေ့ရှ်အီမို ဟာမက်အပေါ် ဖြိုခွင်းမှုများကို အိန္ဒိယနှင့် စစ်ရေးတင်းမာမှု ပြန်လည်လျော့ချလိုသည့် ပါကစ္စတန်၏ အားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ရသည်။

 

mdn

 

ဖေဖော်ဝါရီလ ၁၄ရက်တွင် အသေခံတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်း စစ်သွေးကြွပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တင်းမာမှု မြင့်တက်လာခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်သား ၄၀ သေဆုံးခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံက ဖေဖော်ဝါရီလ ၂၆ ရက်တွင် အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပစ်ချကာ လေယာဉ်မှူးကို လက်တုံ့ပြန်ရန် ဖမ်းဆီးခဲ့သည်။

ယမန်နေ့က ပိုင်နက်နယ်မြေအတွင်း ဝင်ရောက်ရန်ကြိုးပမ်းသည့် အိန္ဒိယရေငုပ်သင်္ဘောတစ်စင်းကို ဟန့်တားခဲ့ကြောင်း ပါကစ္စတန်တပ်မတော်က ပြောကြားသည်။

အိန္ဒိယသည် ကက်ရှ်မီးယားနှင့် အခြားဒေသများကို တပ်ဖွဲ့များ ပိုမိုစေလွှတ်ခြင်းဖြင့် အစ္စလာမ်မစ် တိုက်ခိုက်ရေး အဖွဲ့များကို တိုက်ခိုက်ရန် အသင့်ဖြစ်နေလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn