၂၃ အောက်တိုဘာ
အိုင်ယာလန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် အသွားအလာ ကန့်သတ်မှု lockdown ပြဋ္ဌာန်းတဲ့ ပထမဦးဆုံး ဉရောပနိုင်ငံ ဖြစ်လာပါတယ်။ အသွားလာ ကန့်သတ်လိုက်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး စည်းမျဉ်းကို ချိုးဖောက်ပြီး မြို့တော် ဒပ်လင် မှာ ဆန့်ကျင်ဆန္ဒပြရာ ၁၁ ဦး ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ ကြာသပတေးနေ့က ပြောကြားပါတယ်။
လူပေါင်း ၁၀၀ နီးပါးဟာ ဒပ်လင်မြို့လယ်မှာ အသွားအလာ ကန့်သတ်မှု ဖျက်သိမ်းရေးအတွက် မနေ့က ဆန္ဒပြရာ ရဲတပ်ဖွဲ့က နှိမ်နင်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး စည်းမျဉ်းကို ချိုးဖောက်နေတဲ့အတွက် လူစုခွဲရန်ပြောပေမယ့် မလိုက်နာတဲ့အတွက် ၁၁ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
MDN
ကိုးကား - AFP
