ဘဂ္ဂဒက်  မတ်  ၄

ရေနံတင်ပို့သော နိုင်ငံများအဖွဲ့နှင့် အခြားရေနံထုတ်လုပ်သည့် နိုင်ငံများ(အိုပက်ပလပ်စ်)က  ၎င်းတို့ အဖွဲ့အနေဖြင့် ရေနံစိမ်းတိုးမြှင့် ထုတ်လုပ်ရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိုပက်အဖွဲ့ကို ဈေးနှုန်းလျှော့ချရေး   ဖိအားပေးပြီးနောက်  ရေနံတင်ပို့သောနိုင်ငံများအဖွဲ့၏ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။   အဖွဲ့ဝင်နိုင်ငံ များမှာ   လာမည့်လမှစတင်ကာ   ထုတ်လုပ်မှုကို   အဆင့်အလိုက် တိုးမြှင့်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလတွင်    ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်ကို  အွန်လိုင်းမှ တစ်ဆင့် ပါဝင်တက်ရောက်ခဲ့သော ဒေါ်နယ်ထရမ့်က ရေနံဈေးနှုန်းများ   လျှော့ချရေးနှင့်ပတ်သက်ပြီး    ရေနံထုတ်လုပ်သူများအား တောင်းဆိုထားသည်။    အိုပက်ပလပ်စ်အဖွဲ့အစည်းက   ၎င်းတို့၏ နောက်ဆုံးထုတ်ပြန်ကြေညာ ချက်တွင်   အဆိုပါ   တောင်းဆိုမှုကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ  ဈေးကွက်အလားအလာကောင်း များကိုသာ ဖော်ပြခဲ့ကြောင်း သိရသည်။                 

အင်န်အိတ်ချ်ကေ