ဗီယင်နာ  ဖေဖော်ဝါရီ  ၂

ရေနံတင်ပို့သော နိုင်ငံများအဖွဲ့(အိုပက်)နှင့် ၎င်း၏ မဟာမိတ် အိုပက်ပလပ်စ်အဖွဲ့တို့သည် မတ်လတွင် ရေနံတိုးမြှင့်ထုတ်လုပ်မည့်အစီအစဉ်ကို ဆက်လက်ဆိုင်းငံ့ထားရန်   ဖေဖော်ဝါရီ  ၁  ရက်တွင် ဆုံးဖြတ်ခဲ့ကြကြောင်း  အိုပက်က  ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အခြေအနေများနှင့် စီးပွားရေးဆိုင်ရာ ရှေ့အလားအလာများကို ပြန်လည်ဆန်းစစ်သုံးသပ်ချက်များလုပ်ဆောင်ရန်   ဆော်ဒီ အာရေဗျ၊   ရုရှား၊  အီရတ်၊  ယူအေအီး၊   ကူဝိတ်၊ ကာဇက်စတန်၊   အယ်ဂျီးရီးယားနှင့်  အိုမန်နိုင်ငံတို့ အပါအဝင်  အိုပက်ပလပ်စ်အဖွဲ့ဝင်နိုင်ငံများ၏ အွန်လိုင်းအစည်းအဝေးပြီး   ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အိုပက်ပလပ်စ်အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၅ ခုနှစ် ဧပြီလနောက်ပိုင်း ရေနံထုတ်လုပ်မှုကို လစဉ်တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း၊ သို့သော်လည်း ၂၀၂၆ ခုနှစ်   ပထမသုံးလအတွင်း ရေနံတိုးမြှင့်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရန် ပြီးခဲ့သည့်နိုဝင်ဘာလနှောင်းပိုင်းတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ အိုပက်အဖွဲ့ဝင်နိုင်ငံများသည် နောက်ထပ်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး မတ်လ ၁ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အိုပက်က ပြောသည်။          

ဆင်ဟွာ