မန္တလေး ၈ နိုဝင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ် အိုးတော်ရပ်ကွက်မှာ ယနေ့ နေ့လယ်ခင်းတွင် လူဦးရေ ခုနစ်ရာကျော် မဲပေးပြီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက် မဲရုံအမှတ် ၁ ၌ မဲပေးရမည့် လူဦးရေ ၂၀၀၀ နီးပါးရှိပြီး တစ်ဝက်ခန့် မဲပေးပြီးသွားသည်ဟု သိရသည်။
မဲရုံကို Covid-19 ရောဂါ ကာကွယ်ရေးအတွက် Social distancing ဖြစ်စေရန် လူဦးရေကို အဖွဲ့ခွဲကာ မဲရုံအတွင်း သွင်းနေကြောင်း မဲရုံတာဝန်ရှိသူများက ပြောသည်။
"mask တွေပြန်ပြောင်း တပ်ရတယ်ပေါ့။ အထဲမှာလည်း အေးအေးဆေးဆေး မဲပေးလို့ရပါတယ်"ဟု အမရပူရမြို့နယ်မှ မဲဆန္ဒရှင် ဒေါ်သီသီဦးက ပြောသည်။
အမရပူရမြို့နယ်တွက် မဲဆန္ဒရှင်ဦးရေ ၁၈၁၀၀၀ ကျော်ရှိပြီး မဲရုံစုစုပေါင်း ၁၃၇ ရုံ ရှိကြောင်း သိရသည်။
ဖြိုးအိ


