ဘာကူ၊ မတ် ၆

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့ စူပါမားကတ်တစ်ခုတွင် မတ် ၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိကြောင်း လုံခြုံရေးတပ်ဖွဲ့က ပြောကြားသည်။ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။

 

အမည်မသိ သေနတ်သမားတစ်ဦးက စူပါမားကတ်ရှိ အေတီအမ်စက်ထဲသို့ ငွေထည့်နေသည့် ဘဏ်ဝန်ထမ်းများကို တိုက်ခိုက်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ အိတ်တစ်လုံးဖြင့် လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ သံသယရှိသူကို ခြေရာခံရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 

ဆင်ဟွာ