အက်စတာပန်းများ စျေးကွက်အတွင်း အရောင်းသွက်

လွိုင်ကော် ၂   ဒီဇင်ဘာ

 

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း မေမြို့ပန်း၊ အက်စတာပန်းများကို စိုက်ပျိုးလျက်ရှိရာမှာ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ပန်းစိုက်ပျိုးသူများထံမှ  သိရသည်။

 

“ပန်းမျိုးကို  မတ်လပိုင်းမှာ ပန်းမျိုးကို အစေ့ထုတ်သန့်စင်၊ နှစ်ပတ်လောက်ထား အအေးခံကာ ဘူးထဲကို သေသေချာထည့်ပြီး ကိုယ်ကြိုက်သည့် ရာသီမှာ  ကိုယ်ပြန်စိုက်ပျိုးလို့ရတယ်။ ပန်းအတွက်ဆေးသုံးရင် အာမို (၁) (၂) ဖြစ်ပြီး ပိုးကျရင်ကျသလို သုံးပေးရတယ်။ မြန်မြန်ပန်းပွင့်စေချင်ရင်တော့ အာမို (၂)ကို ဖြန်းပေးတယ်။ ဒီနှစ်တော့ ပန်းစိုက်သူတွေ  များလာတာကြောင့် စျေးကွက်အခြေအနေက ကန့်သတ်ပြော လို့မရဘူး။ အရင်နှစ်တွေက  တစ်ယောက် နှစ်ယောက်ပဲ စိုက်တော့ စျေးကောင်း ရရှိတယ်။ အရင်နှစ်မှာ စိုက်ဧက၀က်ကို ကျပ် (၅)သိန်းရောင်းရပြီး လွိုင်ကော်မြို့ထဲက ဖောက်သည်တွေကို ခြံထဲမှာဘဲ အခင်းအပြတ်ရောင်းတယ်။  မေမြို့ပန်း၊ အက်စတာပန်းအပြင် တခြား ပန်းကိုလည်း စိုက်ပျိုးပြီး ရေအခြေအနေပေါ်မူတည်ပြီးတော့ မိုးတွင်းပိုင်းဆိုရင် ဂန္ဓမာပန်းကို ပြင်ဦးလွင်ကို မျိုးမှာပြီးတော့ စိုက်တယ်။ သစ္စာပန်းလည်းစိုက်တယ် ပန်းတွေကို တစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးတယ်” ဟု လင်ဖုံ​​လေးကျေးရွာ ပန်းစိုက်သူ ဒေါ်နန်းချစ်ထွေး က ပြောသည်။

 

ကိုစိုင်း(လွိုင်ကော်)