ဆီးရီးယားနိုင်ငံ အက်ဒလစ်ပြည်နယ်တွင် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း လူအခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားသည်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်း အက်ဒလစ်ပြည်နယ် အလယ်ပိုင်းတွင် တနင်္လာနေ့က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။
ပထမအကြိမ်ပေါက်ကွဲမှုမှာ မော်တော်ယာဉ်အတွင်း တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။ ဗုံးပေါက်ကွဲရာနေရာသို့ လူနာတင်ယာဉ်ကားများ ရောက်ရှိလာချိန်တွင် နောက်ထပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။
ကလေးငယ်လေးဦး အပါအဝင် လူပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။
ယခုအချိန်ထိ အဆိုပါ တိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့၏ လက်ချက်မှန်း မသိရသေးပေ။
အက်ဒလစ်ပြည်နယ်မှာ ဆီးရီးအတိုက်အခံများ၏ အဓိက ခိုလှုံရာဒေသတစ်ခုဖြစ်သည်။
အယ်လ်ခိုင်ဒါအဖွဲ့နှင့်ပတ်သက်မှုရှိသည့် အစွန်းရောက်အဖွဲ့တစ်ခုက အဆိုပါဒေသတွင် သြဇာချဲ့ထွင်နေသလို အတိုက်အခံအုပ်စုများကလည်း အချင်းချင်း တိုက်ခိုက်လျက်ရှိသည်။
သမ္မတ ဘာရှားအယ်အာဆတ်အစိုးရက အက်ဒလစ်ပြည်နယ် ပတ်ဝန်းကျင်တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးမှုများ မြင့်တက်လာခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်