ရန်ကုန် ဧပြီ ၆
MACCS Online Payment System အား ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ဖြင့် အသုံးပြုကြောင်း ကြေညာခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်)ရှိ ဇေယျာသီဟအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ဧရာဝတီဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ သမဝါယမဘဏ်လီမိတက်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်နှင့် ရိုးမဘဏ်လီမိတက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမှာစကား ပြောကြားသည်။ ယင်းနောက် ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ကိုယ်စား ဧရာဝတီဘဏ်လီမိတက်က စနစ်ဆောင်ရွက် ခဲ့မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး MACCS Online Payment System အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုမှတ်တမ်းကိုပြသ၍ ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ဖြင့် MACCS Online Payment System အား MACCS စနစ်အသုံးပြုသော ဒေသများတွင် စတင်အသုံးပြုကြောင်း ကြေညာသည်။
သတင်းစဉ်


