ရန်ကုန် ၂၃ မတ်
၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်အနုပညာဆု တစ်ဆုဖြစ်သည့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို သရုပ်ဆောင် ပိုင်ဖြိုးသုက သရဲမ၊ ဘီလူးမနှင့်မိန်းမပျိုဇာတ်ကားဖြင့် ဆွတ်ခူး ရရှိခဲ့သည်။
အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်က ဖွင့်ဖောက်ကြေညာကာ အကယ်ဒမီ ရွှေစင်ဆုပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ဇာတ်ပို့ဆုရှင် ပိုင်ဖြိုးသုက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။
ယခုရရှိသည့် အကယ်ဒမီဆုသည် သရုပ်ဆောင် ပိုင်ဖြိုးသုအတွက် ပထမဆုံးသော အကယ်ဒမီဆုတစ်ခုလည်းဖြစ်သည်။
MDN