အခြေခံ လျှပ်စစ်ပညာနှင့် ဂဟေဆက် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မြင်းခြံ ၂၇  နိုဝင်ဘာ


အဆိုပါ သင်တန်းဆင်းပွဲတွင် အမှတ် ၆ စက်မှုသင်တန်းကျောင်း မြင်းခြံ ကျောင်းအုပ်ကြီး ဦးဟန်ညိမ်းဆွေ နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်လွင်တို့မှ အမှာစကား ပြောကြားခဲ့ပြီး၊ တလုပ်မြို့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


ထို့နောက် လျှပ်စစ်အခြေခံ ဘာသာရပ်မှ ပထမဆုရရှိသော မောင်မျိုးခိုင်ကို နည်းပြအရာရှိ ဦးသန်းဇော်မှ လည်းကောင်း၊ အခြေခံဂဟေဆက် ဘာသာရပ်မှ ပထမဆုရရှိသော မောင်ဆန်းမင်းအောင်အား အကြီးတန်း နည်းပြ ဒေါ်ယုယုထွန်းမှ လည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။


ဆက်လက်၍ သင်တန်းဆင်း လက်မှတ်များကို အုပ်ချုပ်ရေးဌာနမှူး ဦးဇေယျာမင်းထက်မှ သင်တန်းသား ခေါင်းဆောင်သို့ ပေးအပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ သင်တန်းသားများ လက်တွေ့ဆောင်ရွက် ထားသော သင်တန်းဆင်း စွမ်းရည်ပြသမှုများကို ကြည့်ရှုခဲ့ကြသည်။


အဆိုပါ ရွေ့လျားစက်မှုနှင့် အသက်မွေးပညာ သင်တန်း အမှတ်စဉ် (၅၅) မှ အခြေခံလျှပ်စစ် ပညာဘာသာရပ်တွင် သင်တန်းသား (၄၈) ဦး တက်ရောက်သင်ကြားခဲ့ပြီး၊ အခြေခံဂဟေဆက် ပညာဘာသာရပ်တွင် သင်တန်းသား (၁၂) ဦး တက်ရောက်ခဲ့ကာ စုစုပေါင်းသင်တန်းသား (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။


ဦးဇော်မင်းနိုင် ( မြင်းခြံ )

 

gggggggggggg